ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲ လာသည့် ကုထုံးအသစ်များနှင့် နည်းစနစ်အသစ်များကို သိရှိနိုင်ရန် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်  ၁၆   ဒီဇင်ဘာ

 

မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)က စီစဉ်ကျင်းပသော တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရီမြို့နယ်ရှိ အသင်းအစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဌ ဦးစိုးဝင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းတို့က အမှာစကားပြောကြားကြပြီး  တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။

 

အဆိုပါသင်တန်းကို တိုင်းရင်းဆေးဆရာများ၏ မူလပညာရပ်များကို မျှဝေနိုင်စေရန်နှင့် ခေတ်မီဆန်းသစ်သော ပညာရပ်များကို မျှဝေနိုင်ရန်၊ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲလာသည့် ကုထုံးအသစ်များနှင့် နည်းစနစ်အသစ်များကို သိရှိနိုင်ရန်၊ ဘာသာရပ်များအလိုက် စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရန်၊ ခေတ်မီသော အတတ်ပညာများကို မူလပညာရပ်များနှင့်ပေါင်းစပ်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သန့်ဇော်