ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ

 

မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာများ၊   စစ်ရေး နှင့်  မသက်ဆိုင်သည့် နေရာများကိုပါ  အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ဖျက်ဆီးခြင်း၊  ပြည်သူများကို လက်နက်ကိုင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင် နေကြပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ရယူနိုင်ရန် ကြိုးပမ်းပြုလုပ်နေကြသည့် သာမန်မဟုတ်သော အခြေအနေကို ဖြတ်သန်း နေရချိန်ဖြစ်သည်။

 

“တပ်မတော်အနေဖြင့် NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲ တွင် မရိုးမသားဆောင်ရွက်ခဲ့သည့် ဥပဒေမဲ့လုပ်ဆောင်မှု ကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို မလွှဲမရှောင် သာ ဥပဒေနှင့်အညီ ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ အရေး ပေါ်ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါ က လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပြီး တာဝန်လွှဲပြောင်းမှုများ ဆက်လုပ်သွားမည်ဖြစ် ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ မိမိတို့တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်း ဖြစ်သည်နှင့်အညီ နိုင်ငံသူ နိုင်ငံသားများအားလုံး လုံခြုံ အေးချမ်းစွာနှင့် အေးအတူပူအမျှလက်တွဲပြီး မိမိတို့နိုင်ငံ အတွက် ဂုဏ်ယူဝင့်ကြွားစွာနေထိုင်လုပ်ကိုင်နိုင်အောင် ခိုင်မာ စွာ ဆက်လက်လုပ်ဆောင်သွားမည်၊ နိုင်ငံသူ နိုင်ငံသားများ ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

တပ်မတော်က ဦးဆောင်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးဆိုသည့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်တို့ကို ဦးတည် ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအင်အားကို အထူးလိုအပ်သည်။ တပ်မတော်သည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်သည်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်သွားမည် မဟုတ်ကြောင်းကိုလည်း အခိုင်အမာ ပြောကြားထားပြီးဖြစ်သည်။ အကြမ်းဖက် အဖျက်အုပ်စုများ၏ ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ ဖယ်ရှားရှင်းလင်းရေး၊ နိုင်ငံတော်တစ်ဝန်း တည်ငြိမ် အေးချမ်းရေးသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော အခင်းအကျင်း ဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ပြည်သူလူထုအခြေပြု၍ တည်ဆောက်သွားရမှာလည်း ဖြစ်သည်။

 

တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်တွင် ကာကွယ်စောင့်ရှောက်လျက်ရှိရာ မည်သည့်အစိုးရ၊ မည်သည့်ခေတ်ပင်ဖြစ်စေကာမူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် တပ်မတော်က ထာဝရတည်ရှိနေမည်သာ ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း