ချောင်းဦးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

ချောင်းဦး ၂၈ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ဘော်တို့က အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ချောင်းဦးမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခင်နှင်းသက်က ဟောပြောပွဲ ကျင်းပရခြင်းအကြောင်းကို လည်းကောင်း၊ မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းအေးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိမွန်စိုးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း ဆွေးနွေးဟောပြောကြသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းမြင့်ခင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာများ၊ ချောင်းဦးမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များ၊ ချောင်းဉီးမြို့နယ်အတွင်းမှ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ယမင်း (ရွှေဦးမြေ)