ချောင်းဆုံတွင် တောင်သူ(၁၀၀)အတွက် မိုးစပါးချေးငွေ (၁၀၄၄)သိန်း ထုတ်ချေးပေးခဲ့

ချောင်းဆုံ စက်တင်ဘာ ၁၇

           

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးတောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင်အဆိုပါဘဏ်ခွဲမှ ရွာလွတ်ကျေးရွာရှိ တောင်သူ (၁၀၀) စိုက်ဧက(၆၉၆)ဧက၊ ထုတ်ချေးငွေကျပ် (၁၀၄၄)သိန်း အား ၂ သုတ်ခွဲ၍ ချေးငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

           

၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာတွင် ယခင်နှစ်ကချေးငွေရယူထားပြီး ယခု ပြန်လည်ပေးဆပ်ပြီးသူများကိုသာ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ယနေ့အထိ ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးကျေးရွာ (၂၁) ရွာမှ တောင်သူ (၁၇၇၁) ဦး၊ စိုက်ဧက (၁၁၉၇၄) ဧကအတွက်ထုတ်ချေးငွေပေါင်း (၁၇၆၉) သိန်းထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာ (၂၆) ရွာရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးဇော်လေးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)