ချောက်၊ ၂၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများမှာ မိုးသီးနှံများစိုက်ပျိုးရန် စတင်၍ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ဇွန်လဆန်းပိုင်းလောက်က မိုးစတင်ရွာခဲ့သော်လည်း ရွာသွန်းသောမိုးရေသည် အငွေ့ပြန်ရုံသာဖြစ်၍ ယခုဇွန်လ(၁၈)၊ (၁၉)ရက်နေ့က ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် မိုးမျှော်နေသည့် တောင်သူများအတွက် မိုးရွာသွန်းရက် နည်းသော်လည်း ဆက်တိုက်မိုးသည်းစွာ ကြာရှည်ရွာသွန်းသဖြင့် မြေအစိုဓာတ်များ ရခြင်းကြောင့် ယာထွန်ခြင်း၊ မြေသြဇာဖြည့်သွင်းခြင်းနှင့် သီးနှံတချို့စ၍ စိုက်ပျိုးခြင်းများ ဆောင်ရွက်နေကြ ကြောင်း သိရသည်။
မချို(ချောက်)


