ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

ငဖဲ ၂၈ ဒီဇင်ဘာ

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာတွင် သောက်သုံးရေရရှိရေး ရေစုကန်၊ အင်ဂျင်ပန့်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဉီးဝေလင်းမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ ကျောက်ဆုံကျေးရွာ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ဆောင်ရွက် ပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားသည်။

 

အဆိုပါ ကျောက်ဆုံကျေးရွာ ရေရရှိရေးလုပ်ငန်းကို ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် ၇.၀၃ သန်းဖြင့် ဂါလံ ၅၀၀၀ ဆံ့ရေစုကန်၊ ရေစက်ရုံ၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ၂ လက်မ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာအိမ်ခြေ ၄၇ အိမ်၊ လူဦးရေ ၁၅၉ ဦးတို့အား သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)