ကော့သောင်းမြို့တွင် နယ်နိမိတ်ရေးရာနှင့်နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်

ကော့သောင်း  ၁၉   ဒီဇင်ဘာ

ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ နယ်နိမိတ်ရေးရာနှင့် နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် စတင်ဖွင့်လှစ်ပိုချခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမျိုးအောင် က ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာများမှ ပညာရှင်သင်တန်းဆရာများက နယ်နိမိတ်ရေးရာ သိမှတ်ဖွယ်ရာများ၊ နယ်စပ်ဆက်ဆံရေးရုံးသမိုင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်စာချုပ်များ၊ အိမ်နီးချင်းနိုင်ငံများအကြား နယ်နမိတ်သတ်မှတ်မှုဆိုင်ရာများ၊ ဗီဇဆိုင်ရာနှင့်နယ်ဝင်ထွက်မှု ဆိုင်ရာကိစ္စရပ်များ၊ နယ်နိမိတ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်နမိတ်တိုင်းတာရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်မှုဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံများနှင့်မြစ်ကြောင်း နယ်နိမိတ်ဆိုင်ရာကိစ္စများ၊ မြေပုံထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းများ၊ Hand Held GPS အသုံးပြုခြင်းနှင့် Wordinate စနစ်ဆိုင်ရာသိကောင်းစရာများ၊ Coordinate Map အသုံးပြုခြင်းနှင့် Map Coordinate များပြောင်းခြင်း၊ အိမ်နီးချင်းနိုင်ငံများအကြား သံတမန်ဆက်ဆံရေး ဆိုင်ရာကိစ္စရပ်များ စသည့် ဘာသာရပ်များကို မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ အား သင်တန်းကာလ(၃)ရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)