ကော့မှူးအထကကျောင်းတွင် စာပေဟောပြောပွဲကျင်းပ

ကော့မှူး   ၂၈ ဒီဇင်ဘာ   

(၁၅)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် သုတပညာပေး စာပေဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထကကော့မှူး၌ ယမန်နေ့ ည၇နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စာပေဟောပြောပွဲတွင် စာရေးဆရာအောင်ကျော်ဆန်းက ဆရာအတတ်၊ ဆရာပညာ၊ ဆရာဂုဏ်သိက္ခာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာအကြည်တော်က လမ်းနှစ်သွယ် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါစာပေဟောပြောပွဲသို့ ကော့မှူးမြို့နယ်အတွင်းမှ စာပေကို ချစ်မြတ်နိုးသည့် စာပေဝါသနာရှင်များ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ  (ကော့မှူး)