စဉ့်ကိုင် ဩဂုတ် ၂၉

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အခြေခံအသိအမြင် များ ပညာပေးဟောပြောပွဲကို ဩဂုတ် ၂၈ ရက်က ဧကရာဇ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦး၊ ဉ့်ကိုင်မြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးစွမ်းရည်ထက်မြတ်၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ကထိကများ၊  နည်းပြသရုပ်ပြ ဆရာ ဆရာမများနှင့် နေ့သင်တန်း ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား (၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးက  အမှာစကား ပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးစွမ်းရည်ထက်မြတ်က ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များနှင့် ပတ်သက်၍   ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော ကျောင်းသား ကျောင်းသူများမှ  သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် ကျောက်ဆည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီယဉ်မှအသိပေးပညာပေးဟောပြောခဲ့သော မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိတို့အား  အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)