ကျောက်ဆည် ၁၉ မတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်ရေးအတွက် ခရိုင်၊ မြို့နယ်တရားရုံးများနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတို့တွင် လက်ဆေးကန်များ ထားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လက်ဆေးကန်များခြင်းသည် ဝန်ထမ်းများနှင့် ရုံအတွင်း ဝင်/ထွက်သွားလာနေကျသည့် ပြည်သူများ ရောဂါပိုးမကူးစက်ရအောင် ထားပေးရခြင်းဖြစ်ပြီး လူတိုင်းလက်ဆေးကြစေရန် ဆော်ဪ၍ စံနမူနာပြ လက်ဆေးခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ခရိုင်တရားသူကြီး ဒေါ်ခင်ဆွေဦးက ပြောသည်။
သက်မောင် (ကျောက်ဆည်)


