ရန်ကုန်  ၃၁ သြဂုတ်


ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်နှင့် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းတို့က ကြီးမှူးကျင်းပသော “ကဗျာ့သဘော ကဗျာ့အရသာ” စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးမော်လင်းက ကဗျာ့စကားဝိုင်း ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ဆရာမြဝင်း(ဒဿန)၊ ဆရာမြင့်စိုးလှိုင်၊ ဒေါက်တာအောင်ကြီးနှင့် မောင်လင်းရိပ်တို့က ကဗျာ၏ သဘောသဘာဝများကို ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည် ဖြေကြားကြသည်။ 


ယင်းနောက် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးမော်လင်းက ကဗျာဆရာကြီးများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။


သတင်းစဉ်

 

123