ကြာအင်းဆိပ်ကြီး ၁၇ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ရေဘေးသင့် တိရစ္ဆာန်များ အစာရေစာရှားပါးမှုဖြစ်ပေါ်လျက်ရှိရာ အဆိုပါတိရစ္ဆာန်များအား အစာရေစာအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထောက်ပံ့ပေးလျက်ရှိရာ နွားစာများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင်နှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲအချိန်က အမှတ်(၆)ရပ်ကွက်နှင့် ကမော့ကျေးရွာအုပ်စု ရွှေတောင်ဘိုကျေးရွာအုပ်စု သံပုရာကျေးရွာအုပ် တံခွန်ကျေးရွာအုပ်စုရှိ ရေကြီးနစ်မြုပ်ကျေးရွာများမှ နွားတိရစ္ဆာန်များစားသောက်နိုင်ရေးအတွက် နွားစာအိတ်(၅၀)အား ကူညီထောက်ပံ့ပေးခဲ့ပြီး ၎င်းကျေးရွားများမှ နွား(၈၉)ကောင် ဆိတ်(၇၅)ကောင်အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


