ဇူလိုင်လအတွက် မြစ်ရေအ‌ခြေအနေ ခန့်မှန်းချက်များ

ဇွန် ၂၈ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွက် မြစ်ရေအ‌ခြေအနေ ခန့်မှန်းချက်များကို (၂၈.၆.၂၀၂၁) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ကသာမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေ သည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေ သည် ကျောက်တော်မြို့တွင် (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့်၊ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

Credit-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန