iTunes တေးဂီတဇယားတွေကို ဦးဆောင်နေတဲ့ ဂျွိုင်း

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Red Velvet ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျွိုင်းဟာ လတ်တလောမှာ ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်နဲ့ ကမ္ဘာတစ်ဝန်းက iTunes တေးဂီတဇယားတွေမှာ နံပါတ်တစ်နေရာ ရယူထားနိုင်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဂျွိုင်းရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ဟာ Hello လို့ အမည်ရပြီး ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၀၀ ပြည့်နှစ် တွေအတွင်း ကျော်ကြားခဲ့ကြတဲ့ တေးသီချင်းတွေကို ပြန်လည်စုစည်းကာ ဆန်းသစ်သီဆိုထားတာ ဖြစ်ပါတယ်။ အဆိုပါ တေးအယ်လ်ဘမ်ဟာ လတ်တလောမှာ iTunes ရဲ့ ထိပ်တန်းတေးအယ်လ်ဘမ် စာရင်းမှာ ကမ္ဘာတစ်ဝန်းက နိုင်ငံနဲ့ ဒေသပေါင်း ၂၆ ခုမှာ နံပါတ်တစ်နေရာ ရနေတာကို တွေ့ရပါတယ်။

အေးပြည့်