ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး နှစ်ဦးတွေ့ရှိ

ဟုမ္မလင်း၊  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိကြောင်း ဇွန်  ရက် ညပိုင်းက သိရသည်။ 

ဇွန်  ရက်တွင် တမူးမြို့မှ ဟုမ္မလင်းမြို့သို့ နေမျိုးအေးကားအသင်းမှ မော်တော်ယာဉ်ဖြင့် လူ ၁၅ ဦး လိုက်ပါလာခဲ့ပြီး ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် (RDT Test Kit)ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ၎င်းတို့နှင့် ဆက်စပ်ထိတွေ့ခဲ့သော ခရီးသည်များကိုလည်း ဟုမ္မလင်း သီတဂူဆေးရုံတော်တွင် Quarantine ထားရှိကာ ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်မှ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

လင်းလင်း(ဟုမ္မလင်း)