ဂန့်ဂေါမြို့တွင် တည်ဆောက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

ဂန့်ဂေါ  ၂၅  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၉၉ ဒသမ ဝ၀ ဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်လျက်ရှိသည်။

 

အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ အမှတ်(၁)နယ်မြေ၊ မြောက်ကုန်း ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ၈ ခန်းတွဲ ၆ ထပ်(RC) အဆောက်အဦ ၁၂၀ ပေ x ၅၄ ပေဖြင့် RIEC Group Of Co.Ltd မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ အခန်း ၁ ခန်းသည် ၆၅၈ စတုရန်း ပေကျယ်ဝန်းပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီးပြီဖြစ်ကာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)