ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တိုင်းအဆင့် ကောက်သစ်စားပွဲတော် အခမ်းအနား တက်ရောက်

အိမ်မဲ ၂၆ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ပဒက်ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက (၄၉) ကြိမ်မြောက် စုပေါင်းကရင်နှစ်သစ်ကူးနှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော် အခမ်းအနား ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် အိမ်မဲမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုတို့ ပူးပေါင်းဆောင်ရွက်သည့် (၄၉) ကြိမ်မြောက် စုပေါင်းကရင်နှစ်သစ်ကူးနှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက မင်္ဂလာဖားစည်တီး၍ ဖွင့်လှစ်ခဲ့ပြီး နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ကောက်သစ်စားပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

mdn

 

ထို့နောက်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါအခမ်းအနားတွင် ပြသထားသော အိမ်မဲမြို့နယ် ပညာရေးပြခန်း၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့ပြခန်း၊ ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ရိုးရာကောက်သစ် စားပွဲတော် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

 

mdn