ဧရာဝတီမြစ်ရေ ပေဝက်ခန့် ဆက်လက်ကျဆင်းနိုင်

နေပြည်တော် ၊ ၂၀ ဇန်နဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀.၁.၂၀၂၁) ရက်နေ့ (၁၃:ဝ၀)နာရီ အချိန်တွင် ရေနည်းမည့်အခြေအနေသတင်းကို   အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...

 

ဧရာဝတီမြစ်ရေသည်ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင်(၃၂၇)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ်(၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

 

Crd-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန