နေပြည်တော် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြုအားကစားအဖွဲ့များအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၌ ကျင်းပသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဉီးဝင်းရှိန် က ယနေ့အချိန် အခါတွင် နိုင်ငံတော်အနေဖြင့် လူမှုရေးဦးတည်ချက် ၃ ရပ် ချမှတ်ပြီး အားကစားကဏ္ဍတိုး တက်လာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့်လည်း တက်ကြွစွာ ပါဝင်အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အ ဆင့်ကျင်းပသည့် အမျိုးသားအားကစားပွဲတော်တွင် “အနိုင်/အရှုံးသည် ပဓာနမဟုတ်၊ ယှဉ်ပြိုင်ခြင်းသာ အဓိက” ဟူသော အားကစားစိတ်ဓာတ်ကို အခြေခံ၍ ယှဉ်ပြိုင်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့် အာကစားပြိုင်ပွဲများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အောင်မြင်မှုအစဉ်အလာ များစွာရှိခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်စေရေးနှင့် နိုင်ငံတော်အတွက် ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် အစွမ်းကုန်ကြိုး စားယှဉ်ပြိုင်သွားကြရန်နှင့် အောင်ပန်းဆွတ်ခူးရရှိနိုင်စေရန် ဆန္ဒပြုတိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအဖွဲ့ တစ်ခုချင်းစီ၏ အုပ်ချုပ်သူများက ကြိုးပမ်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားနည်း ခြောက်မျိုးတွင် အာကစားသမား ၁၁၅ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်