မန္တလေး၊ ဇူလိုင် ၂၈
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာမိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ်၏ ဖိတ်ကြားချက်အရ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် မစ္စတာမာဆော့ ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား (Swearing-in Ceremony) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်


