နေပြည်တော် ဩဂုတ်၃၀

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲအခမ်းအနား သို့တက်ရောက်သည်။  

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးမြို့ ပေါ်ရှိတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ အနုပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ပန်းချီပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့်ရေးဆွဲထားသည့် ဂျိမ်းဖောပျိုဖြူ၊ လင်းရိပ်သံသာ၊ အမရပူရခေတ် ဖွားတော်မူခန်း၊ လုံမပျိုငယ် ဗိုင်းငင်မယ်၊ ဘုရားအဖြစ်သို့ရောက်တော်မူခန်း၊ ရောင်စုံ ငှက်ငယ်၊ ခေတ်()ခေတ်မှတူစုံအလှ ပန်းချီကား၊ မဟာဝိဇ္ဇာတန်းမှ ကျောင်းသူများ ရေးဆွဲထားသည့် ချိုချိုချဉ်ချဉ်ရသာစုံလင်၊ သက်ငြိမ်အလှ() သက်ငြိမ်အလှ() ပြေပြစ် လှပခြင်း၊ ပျူရတနာ၊ ရတနာဆင့်ကာတင့်သည့်ညိုပြာ၊ ကိုးပါးရတနာ၊ စသည့် ပန်းချီ လက်ရာမွန် (၁၄) ကားနှင့် ပန်းပုပညာဌာနတွင်ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ် ကျောင်း သားကဖိုက်ဘာဖြင့်ပုံဖော်ထုဆစ်ထားသည့်သံစဉ်ပျို၊ မဟာဝိဇ္ဇာတန်းကျောင်းသားက ပလာစတာဖြင့် ပုံဖော်ထုဆစ်ထားသည့် အဲလ်ဘတ်အိုင်းစတိုင်း၊ ပန်းတိုင် . . . သို့၊ စုစုပေါင်း ပန်းပုလက်ရာမွန်()ခုတို့ကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြေကြားပြီး ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာ ရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စင်တင်တင်ဆက်မှု များဖြစ်သော ပြည်ကန်တော်အလှ နတ်မောင်နှမယိမ်းအက၊ ပဏာမဧည့်ခံဂီတသံ (အမျိုးသား+ အမျိုးသမီး မင်္ဂလာဆိုင်း)၊ တေးဂီတအမွေမန္တလာမြေ (လူချွန်လူကောင်း)၊ ပေါင်းစည်းခြင်းရဲ့အလှ၊ လှပစီရီအကပန်းချီ ယိမ်းအက၊ ထိန်းသိမ်းစို့လေ ယဉ်ကျေးမှုအမွေ (ကျောင်းဆင်းဂုဏ်ပြုတေး-ဂီတ+သဘင်)၊ ကကြိုးစုံလင်မင်းသားအသွင် ယိမ်းအက၊ စည်းလုံးစွမ်းပကား တို့အင်အား (ရုပ်သေး)၊ စုစည်း တီးက သွေးချင်းအလှ (ဂီတ+သဘင်)၊ မင်းကနောင်နှင့်ချစ်ခြင်းမေတ္တာ၊ ဖြစ်ချင်အုံးဟဲ့ . . . မင်းသား (ပြဇာတ်)၊ ဆာယာအန္တိ (ကျောင်းဆင်းလက်ရာမွန်ဇာတ်ကား) တို့ကို ကြည့်ရှုအားပေးသည်။

    

ယင်းနောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် ဧည့်သည် တော်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)