ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ PURDUE University မှ Dr. Shannon Bischoff နှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၄ ဒီဇင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည်  PURDUE University ၊ University Research and Innovation မှ Director, Dr. Shannon Bischoff နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် PURDUE University နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၏ ရည်မှန်းချက်နှင့် သင်ကြားမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နှင့် ပတ်သက်၍ ပညာရှင်များ ပိုမိုထွက်ပေါ်လာရေး လိုအပ်ချက်နှင့် ထပ်မံတိုးချဲ့သင်ကြားမှု၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့် ကိုက်ညီမှု၊ သင်ကြားမည့် ဆရာများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ အစီအစဉ်များ၊ တက္ကသိုလ် ၂ ခုအကြား သင်ကြားရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်