ရန်ကုန် ဇန်နဝါရီ ၁၃

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်ပြီး ယဉ်ကျေးမှုဖလှယ်ပွဲ အထိမ်းအမှတ်ဖွင့်လှစ်ထားသည့် ဘာသာစကားဌာနအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် ယဉ်ကျေးမှုဖလှယ်ပွဲ Culture Exchange 2025 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားကာ ဘာသာစကားအလိုက် ယဉ်ကျေးမှုကပွဲများ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ရောက်ရှိပြီး ကျောင်းသား ကျောင်း သူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဘာသာရပ် ဌာနများနှင့် တက္ကသိုလ်ပရ၀ဏ်အတွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန် ဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်