ဓနုဖြူမြို့နယ်သို့ အောက်စီဂျင်စက် စတင်ရောက်ရှိ

ဓနုဖြူ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြည်သူ့အောက်စီဂျင်စက်ရုံ အမှတ်(၁၀)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် ထားရှိမည့် အောက်စီဂျင်စက်သည် ယမန်နေ့ နံနက်က ရောက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်စီဂျင်တပ်ဆင်ထုတ်လုပ်မည့်စက်သည် (KAISHAN) အမျိုးအစားဖြစ်ပြီး မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် အခြားသော အောက်စီဂျင်လိုအပ်သော လူနာများ အသုံးပြုနိုင်ရန်အတွက် မြို့နယ်မှ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)