စေတုတ္တရာ ၄ အောက်တိုဘာ    


ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် လူငယ်ရေးရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

a

 


ရှေးဉီးစွာ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယဉီးစီးမှူး ဉီးမောင်မောင်လေးက အဖွင့်အမှာစကား ပြောကြားကာ လူငယ်ရေးရာကော်မတီဝင် ဆလိုင်း ဖြိုးမင်းဟိန်းက မိမိတို့လူငယ်ရေးရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပြောကြားသည်။ ထို့နောက် မြိုနယ်ကုသရေးဉီးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းချစ်က မိမိတို့ဌာနအနေဖြင့် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်ရေးရာကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် လိုကြောင်း ပြောကြားသည်။


ယင်းနောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်ညိုညိုဝင်းက နယ်လှည့် စာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မြို့နယ်အားကာမှူး ဉီးမြတ်စိုးလင်းက မြို့နယ်အားကစားပွဲများ ဆောင်ရွက်ရာတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း အသီးသီးပြောကြားကာ တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


စည်သူလွင်(ပြန်/ဆက်)