ဒေါဖျာကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်း

ကော့ကရိတ် ၂၃ သြဂုတ်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ဒေါဖျာကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသော ပစ္စည်းများကို ယမန်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ခံ ဦးမင်းမင်းဦးတို့မှ သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းပေးရာတွင် ဒေါဖျာကျေးရွာအုပ်စုအတွင်းရှိ ဒေါဖျာ၊ကော့မိ၊ကော့ဘော်၊ ကော့ဖလွတ်၊ ကော့ကမာကျေးရွာရှိ အိမ်ခြေ(၄၅၀)အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၂ ပြည်ပါ ၁ အိတ်၊ ဆီ ၁ လီတာ ၁ ဘူး၊ ငါးသေတ္တာ ၅ ဘူး၊ မုန့်ထုပ်တို့အား ဒေါဖျာဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)