ဒေးဒရဲမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ဒေးဒရဲ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီမှစတင်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်း အကျိုးတော်ဆောင် ကော်မတီဝင်များက ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac )ထိုးနှံခြင်းကို အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၂၉၈)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)