COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များစာရင်းကို UMFCCI က ဖော်ပြထား

နေပြည်တော်၊ ၁၅ ဇန်နဝါရီ

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များစာရင်းကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားထားပြီး၊ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းပေးခဲ့ခြင်းအတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်း တင်အပ်ကြောင်း ဖော်ပြထားသည်။

 

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များစာရင်းမှာ-

 

၁။ Shwe Taung Group ၏ Shwe Taung Foundation မှ ကျပ် သိန်း (၂၅၀၀)။

 

၂။ Grand Royal Group International ၏ တွဲဖက်ဥက္ကဋ္ဌ ဦးအောင်မိုးကျော်၊ ဇနီးဒေါ်မာမာထွန်း၊ သမီး ပွင့် (ခေါ်) မြပွင့်ဖြူ၊ သား မောင်ကျော်ထက်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်  ၎င်းတို့မိသားစုဝင်များ မှ ကျပ် သိန်း (၂၀၀၀)။

 

၃။ ဦးစိုးပိုင် + ဒေါ်ခင်မြတ်ဆွေ (Paing Family International Co., Ltd) မှ ကျပ် သိန်း (၁၀၀၀)။

 

၄။ မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း မှ ကျပ် သိန်း (၅၀၀)။

 

၅။ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မှ ကျပ် သိန်း (၅၀၀)။

 

၆။ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း မှ ကျပ် သိန်း (၅၀၀)။

 

၇။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း မှ ကျပ် သိန်း (၃၀၀)။

 

၈။ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ ကျပ် သိန်း (၁၀၀)။

 

၉။ နှစ်ဖက်မိဘများအား အမှူးထားလျက် ဒေါက်တာ မောင်မောင်သိမ်း၊ ဒေါက်တာ မွန်မွန်တာ၊ သားသမီးများဖြစ်သော ဦးတင်ဝင်းအောင်မိုး၊ ဒေါ်လှသီတာလင်း၊ ဦးရဲမောင်သိမ်းတို့ မှ ကျပ်သိန်း (၁၀၀)။

Credit; UMFCCI