စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၄၅၃ ဦး စစ်ဆေးတွေ့ရှိ

 

စင်ကာပူ   စက်တင်ဘာ   ၁၃

 

စင်ကာပူနိုင်ငံ၌ စက်တင်ဘာ ၁၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၁၄၅၃ ဦး စစ်ဆေး တွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း အဆိုပါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၆၁၃၉၀ အထိရှိလာ ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကူးစက်ခံသူများ အနက် ၁၂၇ ဦးသည် ပီစီအာရ်နည်းဖြင့် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ကျန် ၁၃၂၆ ဦးသည် အေအာရ်တီနည်းဖြင့် စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်အရ သိရသည်။

 

ပီစီအာရ်နည်းဖြင့် စစ်ဆေးတွေ့ရှိသည့် ၁၂၇ ဦးအနက် ၁၁၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကျန် ၁၁ ဦးသည် ပြည်ပ ပြန်ကူးစက်မှုဖြစ်သည်။ ထို့ပြင် အေအာရ်တီနည်းဖြင့် စစ်ဆေးတွေ့ရှိသည့် ၁၃၂၆ ဦးအနက် ၁၁၈၄ ဦးသည် ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ကျန် ၁၄၂ ဦး သည် ပြည်ပပြန်ကူးစက်မှုဖြစ်ကြောင်း သိရသည်။

 

စင်ကာပူနိုင်ငံ၌ လက်ရှိတွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူ ၂၄၃ ဦးရှိပြီး ၁၀ ဦးသည် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရကြောင်း သိရသည်။

 

ဆင်ဟွာ