စလင်းမြို့နယ် တမာချောင်ကျေးရွာ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး အဝီစိစက်ရေတွင်းတူးဖော်

စလင်း ၁၉ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊စလင်းမြို့နယ်၊ တမာချောင်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ အဝီစိစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

တမာချောင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၁၈ ဒသမ ၃၀ သန်းဖြင့် လေးလက်မ ပေ ၅၀ဝ  အဝီစိစက်ရေတွင်း တစ်တွင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိသော ရေစက်ရုံတစ်ခု၊ ဂါလံ ၅၀ဝ၀ ဆံ့ ရေစုကန်တစ်ခုတို့အား တင်ဒါအောင်မြင်သော မြင့်မိုရ်စံထား ကုမ္ပဏီမှဆောင်ရွက် လျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သောက်သုံးရေရရှိရေး တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းအိခိုင် ကပြောသည်။

 

mdn

 

အဆိုပါ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက တမာချောင်ကျေးရွာရှိ အိမ်ခြေ ၁၄၆ အိမ်မှ လူဦးရေ ၅၈၉ ဦးအပြင် ကျွဲ/နွားတိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေ ဖူလုံရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ(စလင်း)