နေပြည်တော် အောက်တိုဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂)ခုရှိရာ အောက်တိုဘာ ၂ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၂၈)ပေ ကန်ရေပြည့်အမှတ်အထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှု အခြေအနေမှာ (၀ ဒမသ ၁၃)ပေ တိုးလာခြင်းဖြစ်သည်။
အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ် စောင့်ကြပ်စစ်ဆေးလျက်ရှိပါကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း သိရသည်။
သတင်းစဉ်


