ဆင်ဖြူကျွန်းမြို့၌ Mask Campaign ပြုလုပ်

စလင်း၊ ၁၁ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၌ Mask Campaign ကို ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက်ထိ သုံးရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ဆင်ဖြူကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ စည်ပင်သာယာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သည့် ဆင်ဖြူကျွန်းမြို့ ယာယီ စည်ပင်သာယာဈေးနှင့် စလင်း-ဆင်ဖြူကျွန်း-ဆိပ်ဖြူ ကားလမ်းမ နွယ်တမယ်တံတားထိပ် တို့တွင် ဆောင်ရွက်ကြခြင်းဖြစ်သည်။

 

ကျွန်မတို့အဖွဲ့အနေနဲ့ ဟောင်းနွမ်းပြီး ကျန်းမာရေးနဲ့မညီညွတ်တော့တဲ့ Mask တွေကို ချက်ချင်း အသစ်နဲ့ အခမဲ့လဲလှယ်တပ်ပေးတာဖြစ်ပါတယ်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ဆွေဆွေဉီး က ပြောပြသည်။

 

စိုးမိုးသူ(ပြန်/ဆက်)