ဆင်ပေါင်ဝဲမြို့နယ်သို့ Oxygen Plant စက်သစ်ရောက်ရှိ

ဆင်ပေါင်ဝဲ   အောက်တိုဘာ   ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသော Oxygen  Plant  စက်သစ်မှာ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက  ဆင်ပေါင်ဝဲမြို့နယ်သို့ ရောက်ရှိခဲ့သည်။

အောက်စီဂျင်စက်ရောက်ရှိမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက စနစ်တကျ တပ်ဆင်နိုင်ရေး စီမံဆောင်ရွက်ပေးသည်။ အဆိုပါ စက်မှာ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုးအလုံး ၁၀၀ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း