ဆိပ်သာကျေးရွာ မြစိမ်းရောင်စီမံကိန်း တတိယနှစ်သက်တမ်းအဖြစ် သိန်း(၄၀ဝ)ကျော် ထုတ်ချေး

ရွှေဘို ၂၃  ဩဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ် ၊ ဆိပ်သာကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း တတိယနှစ် သက်တမ်း အဖြစ် ငွေကျပ်(၄၁၄)သိန်းအား ဩဂုတ်လ ၂၀ ရက် ၊ နံနက် ၁၀ နာရီက  အဆိုပါ ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ တွင် ထုတ်ချေးခဲ့ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တတိယနှစ်သက် တမ်းအတွက် ဆိပ်သာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထုတ်ချေးသူ(၈၁)ဦး ၊ မွေးမြူရေးအတွက် ထုတ်ချေးသူ (၄)ဦး ၊ ရေလုပ်ငန်းအတွက် ထုတ်ချေးသူ(၁၆)ဦးနှင့် အသက်မွေးဝမ်းကျောင်းအတွက် ထုတ်ချေးသူ(၁၁)ဦး စုစုပေါင်း ထုတ်ချေးသူ (၁၁၂)ဦးတို့အား ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်စုစုဌေးနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း တတိယနှစ်သက်တမ်းအတွက် ငွေကျပ်(၄၁၄)သိန်းအား လိုက်ပါကြီးကြပ် ထုတ်ချေးပေးခဲ့သည်။

အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ ချရန် ၊ တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့်အဟာရပြည့် ဝစေရန်ရည်ရွယ်၍ရွှေဘိုမြို့နယ်တွင်၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ မြစိမ်းရောင်စီမံကိန်း  အကာင်အထည်ဖော်  ဆောင်ရွက်ခဲ့ရာ ယခုအခါ မြစိမ်းရောင်ကျေးရွာ(၂၈)ရွာအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူက ပြောကြားသည်။  

ထွန်းမြင့်အောင်(ရွှေဘို)