ဆီဆိုင် ဇူလိုင် ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာရှိ ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အမှာစကား ပြောကြားပြီး ဆိုက်ခေါင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမြေ ငှားဂရန် လက်မှတ်များကို ပေးအပ်သည်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါကျေးရွာမြေငှားဂရန်ကို ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာရှိ အိမ်ထောင်စု ၁၁၈ စုအား ကျေးရွာမြေငှားဂရန် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)