ဆွစ်ဇာလန်နိုင်ငံမှာ Moderna ထုတ် ကာကွယ်ဆေးကိုလည်း သုံးစွဲခွင့်ပြု

၁၂ ဇန်နဝါရီ

 

ဆွစ်ဇာလန်နိုင်ငံမှာ Moderna ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုလည်း သုံးစွဲခွင့်ပြုလိုက်ကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာပါတယ်။ အရင်က Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို သုံးစွဲခွင့်ပြုပြီး ဖြစ်ပါတယ်။

 

ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ Moderna ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသုံးပြုခွင့်ပြုပြီး ဗြိတိန်နိုင်ငံက သောကြာနေ့မှာ သုံးစွဲခွင့်ပြုခဲ့ပါတယ်။

 

ဆွစ်ဇာလန် အာဏာပိုင်တွေက Moderna ထုတ် ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အချက်အလက်တွေ၊ အကျိုးသက်ရောက်မှုနဲ့ ဆေးရဲ့အရည်သွေးတွေကို အသေအချာ လုပ်လာပြီးနောက် ယာယီသုံးစွဲခွင့်ပြုကြောင်း ဒီနေ့ ကြေညာချက်မှာ ပါရှိပါတယ်။

 

ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးနှံရမယ့် ကာကွယ်ဆေးဖြစ်ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီး ၁၄ ရက်အတွင်းမှာ ကာကွယ်ဆေးဟာ ၉၄ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း လေ့လာချက်အရ တွေ့ရကြောင်း သိရပါတယ်။

 

ပထမအကြိမ် Moderna ထုတ် ကာကွယ်ဆေးထိုးနှံပြီး ၁၄ ရက်အကြာမှာ Moderna ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးပေးသင့်ကြောင်း၊ မတူတဲ့ ကာကွယ်ဆေး နှစ်မျိုးကိုလည်း စပ်ပြီး မထိုးပေးသင့်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံမှာ Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ထိုးနှံပေးနေကြောင်း သိရပါတယ်။

 

လူဦးရေ ၈ ဒသမ ၅ သန်းနေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၄၈၇,၃၅၇ ဦးရှိပြီး သေဆုံးသူ ၈,၄၂၁ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ 

 

MDN

ကိုးကား - AFP