ဆားဆိုတိုင်း သွေးတိုးစေတာ မဟုတ်ပါ။

၂၅ ဩဂုတ်

 

အငန် လျှော့စား သွေးတိုးမယ်နော် ဆိုတဲ့ စကားကို အမြဲလိုလို ကြားခဲ့တော့ ငန်တယ်ဆိုတဲ့ ဆားကို အဆိုးထင်ပြီပေါ့။  သွေးတိုးစေတဲ့ အငန်ဓာတ်ဆိုတာ ဆားတစ်ခုတည်း မဟုတ်ပါဘူး။ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်။ ငါးပိရည်ကျို စတာတွေကည်း သွေးတိုးစေပါတယ်။ ဒါတွေအပြင် အချိုမှုန့်၊ အသင့်စား အစားအစားတွေကလည်း သွေးတိုးစေတာပါ။

 

ဒီတော့ သွေးတိုးတာက ဆား တစ်ခုတည်းကြောင့်လို့ မတွေးစေချင်ပါဘူး။ ဆားက သွေးတိုးစေတာက ဆားကို အဆမတန် စားသုံးလို့ပါ။ ကျန်းမာနေစေဖို့ဆိုရင် ဆားကို ထိုက်သင့်သလောက် စားသုံးဖို့ လိုပါမယ်။

 

ဆားကပေးတဲ့ ကျန်းမာရေး

 

ဆားကို အတန်အသင့် စားသုံးပေးတာက ရေဓာတ် ပြည့်ဝစေဖို့ အထောက်အပံ့ ပေးတယ်

 

ရေဓာတ် ပြည့်ဝနေစေဖို့ ခန္ဓာကိုယ်က ဆိုဒီယမ်(ဆား) နဲ့ ပိုတက်ဆီယမ်တို့ကို လိုအပ်ပါတယ်။ ဆားက မရှိရင် ရေဓာတ်ပြည့်ဝဖို့ မဖြစ်နိုင်သလို ဆား အရမ်းများသွားရင်လည်း ဖောတာမျိုး ဖြစ်နိုင်ပါတယ်။ ဆား အစားများလို့ ဖောရောင်တာမျိုး မဖြစ်စေဖို့ ပိုတက်ဆီယမ်က ထိန်းပေးပါတယ်။

 

ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ်မျှတစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့  ဆားအမျိုးအစားက ပင်လယ်ဆားပါ။ ပင်လယ်ဆားက စားပွဲတင်ဆားထက် ပိုပြီးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ အကြောင်းကတော့ ပင်လယ်ဆားမှာ ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ်မျှတစွာ ပါဝင်နေတာကြောင့်ပါ။

 

သွေးကြောတွေ ကျန်းမာစေတယ်

 

ဆား အထူးသဖြင့် ပင်လယ်ဆားက နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အိမ်မှာစားနေတဲ့ ဆားက ပင်လယ်ဆားလောက် အကျိုးမများပေမယ့် အတန်အသင့် စားသုံးမှုက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။

 

ဆားကို အတန်အသင့် စားသုံးပေးတာက သွေးကြောတွေကို ကျန်းမာစေပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

 

ကြွက်မတက်အောင် ကာကွယ်ပေးတယ်

 

ဆားမှာ လေ့ကျင့်ခန်း လုပ်နေစဉ် ကြွက်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ electrolytes ပါဝင်နေပါတယ်။ ဆားမှာ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုး အမြင်အာရုံကို ကျန်းမာစေတဲ့ သတ္တုဓာတ်တွေကို ပါဝင်နေပါတယ်။ ဒီဓာတ်တွေ ပါဝင်အောင် စားသုံးတာက ကြွက်တက်တာ၊ နှလုံးခုန် မမှန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ တက်တာမျိုး  မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

အာရုံကြော ကျန်းမာစေတယ်

 

ဆိုဒီယမ်က ကိုယ်တွင်းက ရေဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒါက အာရုံကြောစနစ်အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ အာရုံကြောစနစ်က အာရုံခံမှုတွေကို ရရှိဖို့ ပေးပို့ဖို့အတွက် ဆိုဒီယမ်ကို လိုအပ်ပါတယ်။

 

ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေ ဟန်ချက်ညီစေဖို့ဆိုရင် အာရုံကြောစနစ်က ဆိုဒီယမ် လုံလောက်ဖို့ လိုပါမယ်။ အာရုံကြော ကျန်းမာစေဖို့ဆိုရင် ဆားကို အသင့်အတင့်စားဖို့ လိုပါမယ်။

 

အိပ်ပျော်စေတယ်

 

ဆားကို အတန်အသင့် စားသုံးပေးတာက ကိုယ်တွင်းမှာ electrolytes တွေ မျှတစေပါတယ်။ ဟော်မုန်းတွေကို အကောင်းဆုံး ထိန်းညှိရာမှာ အထောက်အကူပြုပေးလို့ ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

 

ကဲ….. ဆားကို အတန်အသင့်စားလို့ ကျန်းမာရေးကို ထိန်းသိမ်းလိုက်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn

ရေးသားသူ Aye Thi Mon