စောင့်ကြည့်ရေးစခန်းများ ထားရှိသော နေရာများသို့ ကွင်းဆင်းကြည့်ရှု

သရက်ချောင်း  ၁၀ မေ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်အတွင်းရှိ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် စောင့်ကြည့်ရေးစခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုနောက် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ Facility Quarantine Centre များတွင်ထားရှိသည့် အိပ်ဆောင်များ၊ စားရိပ်သာများ၊ ရေချိုးခန်းနှင့် အိမ်သာတို့ကို လိုက်လံကြည်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာ ကြားခဲ့ကြသည်။

 

သရက်ချောင်းမြို့နယ်အတွင်းရှိ Facility Quarantine Centre ဆောင်ရွက်ထားရှိသည့် အခြေခံပညာစာသင်ကျောင်းများတွင်  ပြည်တွင်းမှ မိမိမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ (၆၉)ဦး ထားရှိထားကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)