စစ်တွေ၊ ၁၃  ဒီဇင်ဘာ

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စောသည် ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်တွေခရိုင်အတွင်းရှိ ပုဏ္ဏားကျွန်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းများစနစ်တကျ ရှိစေရေးနှင့် ရုံးအင်္ဂါရပ်နှင့်ညီညွှတ်မှု ရှိစေရေးတို့ကိုပုံမှန်စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးသည် စစ်တွေမြို့နယ်မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာများ ဖြစ်သည့် အမြင့်ကျွန်းကျေးရွာနှင့် ပါဒလိတ်ကျေးရွာများရှိ ကျေးရွာရံပုံငွေကြီးကြပ်မှု ကော်မတီ ၀င်များနှင့်တွေ့ဆုံပြီး အတိုး/အရင်းပုံမှန်ပေးသွင်းစေရေး၊ စာရင်းဇယားများမှန်ကန်စေရေးတို့ကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MDN