စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့် ရရှိရေးများ ဆောင်ရွက်နေမှု၊ ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများ ခင်းကျင်းနေမှု လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာ အရှေ့ဘက်ကန်ရှိ ပြည်ထောင်စုကျွန်းတွင် အပန်းဖြေ လာရောက်ကြမည့် ပြည်သူများအတွက် ကျန်းမာရေးနှင့် သန့်ရှင်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ ကန်ဘောင်ပတ်လမ်းနှင့် ကန်အတွင်း သန့်ရှင်းသပ်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကန်သာယာ အနောက်ဘက်ကန်အတွင်း သန့်ရှင်း သပ်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းရုံးခန်းတွင် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ဆရာ၊ ဆရာမများ နေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး အခြေအနေများနှင့် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာများအတွက် ငွေကျပ်(၅) သိန်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် နှာခေါင်းစည်း Mark ၁၀၀၀ (တစ်ထောင်)ခုအား ပေးအပ်ခဲ့သည်။

 

mdn

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းခန်းမဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ 

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆူးလေကုန်း ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေး၍ ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆရာ၊ ဆရာ များက ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းအတွက်လိုအပ်ချက်များကို အသီးသီး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ထို့နောက် ဆရာ၊ ဆရာများအတွက် ငွေကျပ် (၅) သိန်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် နှာခေါင်းစည်း Mark ၁၀၀၀ (တစ်ထောင်) ခုအား ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

တိုင်းဒေသကြီး(ပြန်/ဆက်)