ရန်ကုန် ဒီဇင်ဘာ ၁၁
နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အား အလေးပြုကြပြီး သင်တန်းသားစံပြဆု၊ သင်တန်းသူစံပြဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ကြပြီး ပါမောက္ခချုပ်က သင်တန်းဆင်းအမှာ စကားပြောကြားသည်။
စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၁)သို့ သင်တန်းသား (၁၀၇)ဦး သင်တန်းသူ (၂၂၁)ဦး စုစုပေါင်း (၃၂၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်