ဟနွိုင်း အောက်တိုဘာ ၃
ဗီယက်နမ်နိုင်ငံသည် အောက်တိုဘာ ၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၄၉၀ ထပ်မံတွေ့ရှိပြီး အောက်တိုဘာ ၁ ရက်ကထက် ၁၈၂ ဦး လျော့နည်း လာကြောင်းနှင့် ကူးစက်ခံရသူများ မှာ ပြည်တွင်း ကူးစက်သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၄၈၀၅၁၈ ဦး အထိ ရှိလာပြီဖြစ်သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် ထပ်မံသေဆုံးသူမရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ အောက်တို ဘာ ၂ ရက်အထိ ရောဂါပြင်းထန်ပြီး အသက်ရှူအထောက်အကူပြု ကိရိယာတပ်ဆင်ရန် လိုအပ်သူ ၆၅ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ ဗီယက်နမ်နိုင်ငံတစ်ဝန်း ကိုဗစ် လူနာ ၁၀၅၉၂၉၁၁ ဦး သို့မဟုတ် စုစုပေါင်း ရောဂါကူးစက်ခံရသူ၏ ၉၂ ရာခိုင်နှုန်းကျော်သည် ရောဂါကင်းစင်၍ ပြန်လည်သက်သာလာ ပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ