ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၆၄၃ ဦး စစ်ဆေးတွေ့ရှိ

 

ဟနွိုင်း   စက်တင်ဘာ   ၁၁

 

ဗီယက်နမ်နိုင်ငံ၌ စက်တင်ဘာ ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၆၄၃ ဦး စစ်ဆေးတွေ့ရှိ ပြီး စက်တင်ဘာ ၁၀ ရက်က စစ်ဆေးတွေ့ရှိမှုအောက် ၈၅၅ ဦး လျော့နည်းလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ထပ်မံကူးစက်ခံရသူများသည် ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း၊ ထို့ကြောင့် ဗီယက်နမ် နိုင်ငံတစ်ဝန်း    ကိုဗစ်-၁၉  ရောဂါ  ကူးစက်ခံရသူ စုစုပေါင်း  ၁၁၄၃၉၆၁၃  ဦးအထိ   ရှိလာကြောင်း၊ ဗီယက်နမ်နိုင်ငံ၌     ကိုဗစ်-၁၉    ရောဂါကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိသည့်အတွက် သေဆုံးသူ စုစုပေါင်း ၄၃၁၂၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

 

ဗီယက်နမ်နိုင်ငံ၌  စက်တင်ဘာ ၁၁ ရက်အထိ ရောဂါပြင်းထန်ပြီး အသက်ရှူကိရိယာတပ်ဆင်ရန် လိုအပ်သူ ၁၁၃ ဦးရှိကြောင်း သိရသည်။                                                                                   

 

ဆင်ဟွာ