ဟနွိုင်း၊ မတ် ၇
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းအပါအဝင် နိုင်ငံအတွင်းရှိ ဒေသအများအပြား၌ လေထုညစ်ညမ်းမှုများ မြင့်တက် လျက်ရှိကြောင်း သိရသည်။
ယင်းအခြေအနေကို အလျင်အမြန် ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းစာက ယမန်နေ့တွင်ပြောကြားသည်။ လက်ရှိအချိန်တွင် မြို့တော်ဟနွိုင်းနှင့် ဒေသအများအပြားရှိ လေထုထဲတွင် ဖုန်မှုန့်များသိပ်သည်းစွာ တည်ရှိနေကာ လေထုညစ်ညမ်းမှုများ မြင့်တက်နေပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများကို ထိခိုက်နိုင်သည့် အခြေအနေရှိကြောင်း လေထု ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနကဆိုသည်။
နိုင်ငံတောင်ပိုင်း ဟိုချီမင်းစီးတီးနှင့် မြောက်ပိုင်း သိုင်းငုယင်မြို့များရှိ လေထုအရည်အသွေးဆိုင်ရာ အညွှန်းကိန်းသည် ဒေသခံများအတွက် ကျန်းမာရေးထိခိုက်နိုင်သည့် အတိုင်းအတာအထိကျဆင်းနေသည်။ နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းများကိုလည်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ