ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှု ဇန်နဝါရီလတွင် ၆၄ ရာခိုင်နှုန်း တိုးတက်ခဲ့

 

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၆

 

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့ မှုသည် ယခုနှစ်ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နီးပါးရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆၄ ရာခိုင်နှုန်း တိုးလာကြောင်း ဒေသတွင်းမီဒီယာ VnExpress က ဗီယက်နမ်နိုင်ငံ ပင်လယ် စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း၏  ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းဖော်ပြသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်လက တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သို့ ပင်လယ်စာတင်ပို့မှုသည် သိသိသာသာတိုးလာကြောင်း ဖော်ပြထားသည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သည် ဂျပန်နိုင်ငံပြီးလျှင် ဗီယက်နမ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပင်လယ်စာတင်ပို့သော ဈေးကွက်ဖြစ်ကြောင်းလည်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ပင်လယ်စာတင်ပို့မှု ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံမှ ၁၀ ဘီလီယံအထိ မျှော်မှန်း ထားကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်