ဘယ်လ်ဂျီယံက ဆေးရုံကို လာရောက်မယ့်သူတွေအား စက်ရုပ်က စစ်ဆေးသွားမယ်

၃၀ မေ

ဘယ်လ်ဂျီယံနိုင်ငံက အန်ထဝက် တက္ကသိုလ်ဆေးရုံကို လာရောက်မယ့်သူတွေအား စက်ရုပ် ခရုစ်က စစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။ ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဧည့်သည်တွေရဲ့ ကိုယ်အပူချိန်တိုင်းခြင်းနဲ့ ဆေးရုံထဲဝင်လာသူတွေ မျက်နှာဖုံး ဝတ်ဆင်ထားခြင်း ရှိမရှိကိုပါ စက်ရုပ် ခရုစ် က စစ်ဆေးပေးမယ်လို့ သိရပါတယ်။

 

အဲဒီစက်ရုပ်ကို  ဘယ်လ်ဂျီကုမ္ပဏီ ဇိုရာဘော့က တီထွင်ထားတယ်လို့ သိရပါတယ်။

 

ဆေးရုံကို လာရောက်မယ့် ဧည့်သည်ရော လူနာကိုပါ  ကိုရိုနာဗိုင်းရပ်စ် လက္ခဏာရှိမရှိစစ်ဆေးပေးခြင်း၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဖူးခြင်းရှိမရှိစစ်ဆေးပေးခြင်း၊ ဆေးရုံကို ဝင်လာသူတိုင်းကို အပူချိန်တိုင်းခြင်းနဲ့ နောက်ဆုံး မျက်နှာဖုံး ဝတ်ဆင်ထားခြင်းရှိမရှိ ကိုပါ စက်ရုပ် ခရုစ်က စစ်ဆေးပေးသွားမယ်လို့ ဆရာဝန်ကြီး မိုက်ကယ် ဗန်မက်ချ်လန် က ပြောပါတယ်။

 

ဘယ်လဂျီယံနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၅၈,၀၆၁ ဦးရှိပြီး သေဆု့း ၉,၄၃၀ ဦးရှိကြောင်း မေ ၃၀ ရက် ထုတ်ပြန်စာရင်းအရ သိရပါတယ်။

MDN
ကိုးကား - AFP