ဘရူနိုင်းနိုင်ငံတွင် သက်ကြီးရွယ်အို ၅၂၀၀ ကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

ဘန်ဒါဆီရီဘီဂါဝန် ၇ ဇွန်

ဘရူနိုင်းနိုင်ငံတွင် ဧပြီ ၂၂ ရက်မှစတင်ကာ သက်ကြီးရွယ်အိုများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန်အတွက် စာရင်းစတင်ကောက်ခံသည့်အချိန်မှစတင်ကာ ဇွန် ၃ ရက်အထိ သက်ကြီးရွယ်အို ၅၂၆ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ဇွန် ၅ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခဲ့သည့် အသက် အကြီးဆုံးပုဂ္ဂိုလ်မှ အသက် ၉၆ နှစ်အရွယ် အမျိုးသမီးကြီးဖြစ်သည်။ ၎င်းသည် မေ ၁၃ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ခြင်းဖြစ်သည်။ ဆေးထိုးပြီးနောက် မည်သည့်ဘေးထွက်ဆိုးကျိုးမှ မတွေ့ရဟု သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ လူကိုဘေးဥပဒ် မဖြစ်စေသည့်အတွက် တခြားသော သက်ကြီးရွယ်အိုများလည်း ကာကွယ်ဆေးထိုးကြရန် ၎င်းက တိုက်တွန်းထားသည်။

နောက်ထပ်အသက် ၉၃နှစ် အရွယ်နိုင်ငံသား တစ်ဦးကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းကြောင်း ပြောသည်။ ၎င်းကို မေ ၂၅ ရက် တွင် ပထမအကျော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခဲ့ခြင်း ဖြစ်သည်။

သိပ္ပံနည်းကျလေ့လာမှုများအရ သက်ကြီးရွယ်အိုများတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် သက်ကြီးရွယ်အိုများ ရောဂါကူးစက်ခံရခြင်းကို လျှော့ချပေးနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

ဆင်ဟွာ