ဘဏ္ဍာရေးနှင့် ဝယ်ယူရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

ထီးလင်း ၂၅ ဒီဇင်ဘာ

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာရေးနှင့် ဝယ်ယူရေးဆိုင်ရာသင်တန်းကို ဒီဇင်ဘာ ၂၄ ရက်က ထီးလင်းမြို့နယ် သရခါရွာ ဘက်စုံသုံး ခန်းမဆောင်တွင် မြို့နယ်လူထု ဗဟိုပြုစီမံကိန်းလုပ်ငန်းက ကြီးမှူး၍ ဖွင့်လှစ်သင်ကြား ပို့ချဆွေးနွေးသည်။

 

mdn

 

အဆိုပါသင်တန်းကို ငွေကြေးပိုင်းဆိုင်ရာ စာရင်းဇယားထားရှိမှု၊ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကောင်းမွန်သော ဝယ်ယူရေးနည်းလမ်းများ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသို့ အညာဘန်း၊ အလယ်ဘန်း၊ အကြည်ဘန်း၊ ညောင်၊ ညောင်ဟောင်း၊ ဘူးတောင်း၊ တင်းချောင်း၊ အောင်းတောင်၊ အောင်း၊ ကျားခဲ၊ တောင်ဘက် နှင့် သရခါ စသည့်ကျေးရွာ (၁၂) ရွာမှ ဝယ်ယူရေးကော်မတီဝင်နှင့် ဘဏ္ဍာရေး ကော်မတီဝင် (၅၈) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ၁ ရက်ဖြစ်ကြောင်း သိရသည်။

 

တောင်သားမောင်သန်း

 

mdn