ရန်ကုန် ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဗဟန်းမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့က အမှာစကား‌ ပြောကြားသည်။

 

အဆိုပါသင်တန်းကို ဇူလိုင် ၁၃ ရက်အထိ မြို့နယ်အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

အာကာ