အသရေပျက်စေသောသတင်းများကို ဖယ်ရှားရန်  ဉရောပတရားရုံး ထုတ်ပြန်ကြေညာ

လူဇင်ဘတ် ၄ အောက်တိုဘာ

ကမ္ဘာတစ်ဝန်းရှိ အွန်လိုင်းစာမျက်နှာများတွင် ပုဂ္ဂိုလ်တစ်ဦးအား အသရေပျက်စေသော မုန်းတီးရေး စာသားများကို ဖယ်ရှားပစ်ရန် ဉရောပရှိ တရားရုံးများက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အား အမိန့်ပေးနိုင်သည်ဆိုသည့် စည်းမျဉ်းတစ်ခုကို ဉရောပတရားရုံးတစ်ရုံးက အောက်တိုဘာ ၂ ရက်တွင် တရားဝင်အမိန့်ထုတ်ပြန်ခဲ့သည်။

မုန်းတီးရေးစကားများအပေါ် အမေရိကန်နည်းပညာကုမ္ပဏီများအား၎င်းတို့၏ အွန်လိုင်းစာမျက်နှာများကို ဉရောပနိုင်ငံများ၏ အဆင့်အတန်းနှင့်အညီ ထိန်းညှိပေးစေလိုကြောင်း ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကနဦးတွင်တောင်းဆိုခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ကို ဉရောပသမဂ္ဂအဖွဲ့ဝင်များက လှိုက်လှဲစွာကြိုဆိုကြသည်။

ဉရောပသမဂ္ဂ၏စည်းမျဉ်းစည်းကမ်းများကိုဂူဂဲစာမျက်နှာတွင် အတင်းအကျပ်ရှာဖွေခြင်းမပြုလုပ်ရန် လွန်ခဲ့သောရက်သတ္တပတ်က ဉရောပတရားရုံးတစ်ရုံးက အမိန့်ချမှတ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဝက်ဘ်ဆိုက်များနှင့် သတင်းများကို ပယ်ဖျက်ပစ်ရန် တရားရုံးများ၏ အမိန့်ချမှတ်ခြင်းကို ဉရောပသမဂ္ဂ ဉပဒေက တားဆီးဟန့်တားနိုင်စွမ်းမရှိဟု ဉရောပတရားရုံးတစ်ရုံးကဆိုသည်။ ဂရင်းစ်နိုင်ငံရေးပါတီမှ အီဗာဂလာဝစ်ချန် ပီဆာဇက်က သူ့အား အကျင့်ပျက်ခြစားသူဟု အသရေဖျက်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှ သတင်းဖြန့်ဝေမှုကို ပယ်ဖျက်ပစ်ရန် ဩစတြေးလျတရားရုံးသို့ ဉီးတိုက်လျှောက်ထားခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ်  ဩစတြေးလျတရားရုံး၏ စိစစ်အကဲဖြတ်ကာ ဆုံးဖြတ်ချက်ချမှတ်မှုများနှင့် ပတ်သက်ပြီး ဉရောပသမဂ္ဂတရားရုံးအနေဖြင့် စံနမူနာများ ရရှိမည်ဖြစ်သည်။

ထို့ပြင် အီဗာဂလာဝစ်ချန် ပီဆာဇက်က ပုဂ္ဂိုလ်တစ်ဦးအား ထိခိုက်စေရန်ရေးသားသည့် အကောင့်အတုများအား ၎င်းတို့၏ ကိုယ်ရေးသတင်းအချက်အလက်များကို တင်သွင်းခိုင်းရန် ဖေ့စ်ဘွတ်ခ်အား တောင်းဆိုခဲ့သည်။

ကိုးကား အေအက်ဖ်ပီ

ဘာသာပြန် အောင်ကျော်ကျော်